နည်းပညာဆိုင်ရာဗဟုသုတ

Facebook မှဗိုင်းရပ်စ်အသစ်တစ်မျိုးပေါ်ပေါက်


facebook မှတစ်ဆင့် ပြန့် ပွားသော ကွန်ပျူတာဗိုင်းရပ်စ်အ သစ်တစ်မျိုးပေါ်ပေါက်နေကြောင်း facebook အသုံးပြုသူတို့ထံမှ သိရသည်။
ယင်းဗိုင်းရပ်စ်သည် မကြာမီရက်အနည်းငယ်တွင်မှ အသစ်ပေါ်ပေါက်ခြင်းဖြစ်သောကြောင့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများ မသိရှိ သေးချေ။ ဗိုင်းရပ်စ်ကူးစက်ခြင်း ခံရပြီးသော ကွန်ပျူတာပိုင်ရှင်သည် facebookကို အသုံးပြုပြီဆိုသည်နှင့် ယင်းဗိုင်းရပ်စ်သည် facebook မှတစ်ဆင့် ကွန်ပျူတာပိုင်ရှင်၏ friends list မှ သူငယ်ချင်းများအား message အလိုအလျောက် ပို့ လေသည်။ ရှေးဦးစွာ “wanna laugh?)))” ဟူသည့်စကား စပြောသည်။ သင်က မည်သို့ပင် ပြန်ပြောစေကာမူ ယင်းက ဝက်ဘ်ဆိုက် လင့်တစ်ခုကိုသာ ပြန်ပို့ပေးလိမ့် မည်။ ယင်းလင့်ခ်မှာ http://tinyurl. com/100000101922 5927-html ဆိုသည့်လင့်ဖြစ်၏။ ထို့နောက်တွင်မူ ဗိုင်းရပ်စ်က “I’ll be back”ဟုပြောကာ ထွက်သွားတော့သည်။ အကယ်၍ ဗိုင်းရပ်စ် ကပေးသောလင့်ခ်ကို ကလစ်လုပ် လိုက်မိပါက you tube နှင့်ဆင်တူ သော အင်တာနက်စာမျက်နှာတစ်ခု သို့ရောက်သွားမည်ဖြစ်ပြီး သင့်အမည်ကို ခေါင်းစဉ်တပ်ထားသော ဗီဒီယိုတစ်ခုကို တွေ့ရလိမ့်မည်။ ယင်း ဗီဒီယို၏အောက်တွင် သင့် friends list ထဲမှ မိတ်ဆွေများက သရော်လှောင်ပြောင်သော commentများ ရေးထားကြသည်ကိုလည်း တွေ့ရလိမ့်မည်။ သို့ရာတွင် ယင်း ခသာာနညအ များသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော commentများသာဖြစ်နေ ကြလိမ့်မည်။ သို့သော် ဗီဒီယိုကိုမူ သင်ကြည့်မြင်ရလိမ့်မည် မဟုတ် ချေ။ ဗီဒီယိုကြည့်မြင်နိုင်စေရန် Adobe Flash player ကို update လုပ်ပါဟူသည့် စာတန်းနှင့် update လုပ်မည့်လင့်ခ်တစ်ခုကိုပါ ပေးထားသည်။ ယင်းလင့်ခ်ကို ကလစ် လုပ်လိုက်ပါက Flashplayer.exe ဆိုသည့် ဖိုင်တစ်ခုကို ရရှိလိမ့်မည်။ ဖိုင်၏ icon မှာ Adobe Flash player အစစ်အတိုင်းပင်ဖြစ်သော်ငြား ဖိုင်အရွယ် အစားမှာမူ 1.15 Mသာ ရှိနေ သည်ကို တွေ့ရလိမ့်မည်။ ယင်း ဖိုင်ကို ကလစ်လုပ်၍ Flash player ကို update လုပ်လိုက် လျှင်မူ သင့်ကွန်ပျူတာသည်လည်း ဗိုင်းရပ်စ်ကပ်ငြိခြင်း ကို ခံရ ပေလိမ့်မည်။
ယခုဗိုင်းရပ်စ်သည် ၂ဝဝ၈ ခုနှစ်က ပေါ်ပေါက်ခဲ့သော koobface ဗိုင်းရပ်စ်နှင့် ဆင်တူ၏။ ကူး စက်ပုံချင်းလည်း ဆင်တူသည်။ သို့ရာတွင် koobface လောက် သပ်ရပ်မှု ကားမရှိ။ ထို့ကြောင့် အလွယ်တကူပင် ရှာဖွေသတ်ဖြတ်နိုင်သည်။
\windows\temp\၏ အောက်တွင် 44781871.bat ဟူသည့် ဖိုင်တစ်ခုကို ဖျက်ပစ်ပါ။ ထို့နောက် \windows\ အောက်တွင် services32.exe ဟူသည့် ဖိုင်ကို လည်း ဖျက်ပစ်ပါ။ ထိုအခါ ဗိုင်းရပ်စ်များ သက်ဝင်လှုပ်ရှား မည့် ဖိုင်များမရှိတော့ပြီဖြစ်သဖြင့် စိတ်ချရပြီဖြစ်သည်။ ပိုမိုစိတ်ချရစေရန် နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်၍ ဗိုင်းရပ်စ်ကို နှိမ်နင်းသန့်စင်သင့်ပါသည်။ ယခု ဗိုင်းရပ်စ်ကို ဘူလ်ဂေးရီးယားမှ ဖန် တီးခြင်းဟု ယူဆရသော အချက် အလက်အချို့ကို တွေ့ရသည်ဟု ကျွမ်းကျင် သူတို့က ဆိုသည်။


 Formatting of Harddisk ( ဟက်ဒစ် ကို အကွက်ချခြင်း )

 တစ်ကယ်တော့ Format ချတယ်ဆိုတာကိုလူတော်တော်များများက Harddisk ထဲကData တွေကို ဖျက်ပစ်လိုက်တယ်လို့ ထင်နေကြတယ်ဗျ..။ တစ်ကယ်တော့ မဟုတ်ဘူး..။Format ချဖို့အတွက် Data တွေကိုအရင်ဖျက်ပစ်ရပါတယ်….. Format    ချမယ်ဆိုရင်Partition တစ်ခု ရှိကို ရှိရမယ်ဗျ ..။ကျွန်တော်တို့ Format ချမယ်လို့ဆိုရင် ကျွန်တော်တို့အရင် တုန်းက Window တင်ခဲ့တဲ့Partition ကို ဖျက်ပစ်ရတယ်ဗျ..။ ပြီးရင် Partition တစ်ခုထပ်ပြီးတော့ ပိုင်းရတယ်..။ အဲဒီပေါ်မှာမှ အကွက်တွေချ Windowအခွေက Data တွေ ကူးထည့်အဲဒီလို လုပ်ခြင်းပါ ..။ ကျွန်တော် Window XP တင်မယ်ဆိုရင် ကျွန်တော်တို့ အဆင့်တွေ ရွေးရပါတယ်..။အဲဒီမှာ သူက ဘယ်မှာ Window ကို တင်ချင်ပါသလဲလို့ မေးလာရင် ကျွန်တော်တို့ကဥပမာ- Partiton (၂) ပိုင်းရှိမယ်ဗျာ..။C: D: ဆိုပြီးတော့ပေါ့ ..။ အဲဒီမှာ C: မှာ တင်ချင်ပါတယ်ဆိုရင်အဲဒီ Partiton ကို အရင် Delete လုပ်ရတယ်..။ ပြီးတော့မှ Window ကိုInstall လုပ်ရတယ်ဗျ..။ဒါလေးတွေက ကျွန်တော်တို့ တော်တော်များများ Format ချတယ်ဆိုတာကို နားလည်မှုလွဲနေတာလေးကိုရှင်းပြပေးတာပါ..။ တစ်ကယ်မသိတဲ့ လူတွေ အတွက် ရည်ညွှန်းပါတယ်..။အော် .. ဒါနဲ့ .. ကျွန်တော်ပြောနေတဲ့ Partitonဆိုတာကို အများကြီး စဉ်းစားမနေနဲ့ဦးနော်..။ကျွန်တော်တို့ My Computer ကို ဖွင့်လိုက်ရင် Local Disk C: , Local Disk D: အဲဒါလေးတွေကိုပြောတာပါ ..။ အဲဒါလေးတွေကတော့ Partition ပေါ်မှာ Format ချပြီးသား အပိုင်းလေးတွေပေါ့ ..။
A: B: က မစပါပဲ .. ဘာဖြစ်လို့များ Window တင်လိုက်တာနဲ့ C: ကနေ စပြီး ပေါ်လာရပါသလဲ ..။
အဲဒါကို ရှင်းပြရမယ်ဆိုရင် အရင်တုန်းက Floppy Disk တွေ အတွက် ပုံသေသတ်မှတ်ပေးထားတာပါ ..။
အဲဒီအကြောင်းကိုတော့ နောက်မှ ကျွန်တော် Post တစ်ခုနဲ့ ရှင်းပြပါရစေ ..။ အခုတော့ ဘာဖြစ်လို့ C: ကနေ
 စပြီးတော့ ပေါ်သလဲဆိုပြီးမေးလာတဲ့ အခါကျရင် Floppy Disk တွေ အတွက် နေရာအသေပေးထား
လို့ပါလို့ ဖြေပေးလိုက်ပါ..။ကျွန်တော်တို့ Harddisk တွေ ကို တစ်ခါတစ်ခါ ဘာဖြစ်လို့များDefragment ဆိုတာ
ကြီးကို servicesသမားတွေ ဘာလို့များ လုပ်နေကြပါသလဲ .. ?Defragment လုပ်တယ်ဆိုတာက File တွေ
fragment လုပ်ပေးတာပါ ..။အနက်အားဖြင့် ပြောရရင်တော့ ပြန့်ကျဲနေတဲ့ File တွေကို နေရာတစ်ကျ
ပြန်စီပေးတာပါ..။ကျွန်တော် တို့ Harddisk ထဲမှာ Format ချလိုက်ပြီဆိုတာနဲ့ Track , Sector , Cluster ဆိုတဲ့
အကွက်လေးတွေ ချပေးလိုက်တယ်ဗျ ..။ အဲဒီအကွက်လေးတွေထဲကို ပြန်ပြီးတော့ ဖတ်ပေးတဲ့ head
လို့ခေါ်တဲ့ လက်တံလေးပါတယ်ဗျ..။ အဲဒီလက်တံလေးက ကျွန်တော် တို့ File တွေကို ပြန်ဖွင့်တဲ့အခါ
သိမ်းထားတဲ့ နေရာတွေကနေပြီးတော့ လိုက်ပြီး ပြန်စုစည်းပေးတာပေါ့ဗျာ..။

မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သောသင်တန်း

မြန်မာနိုင်ငံတွင် အရှားပါးဆုံးဖြစ်သော Security/Network Adminများ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အမှန်တစ်ကယ် ကျွမ်းကျင်ပြီး နိုင်ငံတကာအသိအမှတ်ပြု Cyber Security နှင့် CEH (Certified Ethical Hacking) ဘာသာရပ်သင်တန်းကို MST Computer Center တွင် စတင်တက်ရောက်နိုင်ပြီဖြစ်ပါသည်။
သိသင့်သိထိုက်သော Knowledge များ၊ အခြေခံသဘောတရားများ၊ Hacking/Cracking၊ Intrusion၊ Virus၊
Vulnerability များ၏ ကာကွယ်ရေးစနစ်များ၊ လက်တွေ့နည်းပညာ လုပ်ဆောင်မှုများသင်ကြားရမည်ဖြစ်ပြီး
EC Council မှချီးမြှင့်သော Securtiy နှင့်ပတ်သက်၍ အမြင့်ဆုံးအောင်လက်မှတ်ဖြစ်သည့်
CEHဘာသာရပ်ကို ဖြေဆိုရယူနိုင်မည်ဖြစ်ပါသည်။ Ethical H*****/ Cyber Cop အဖြစ် ဂုဏ်ယူဝင့်ကြွားစွာရပ်တည်နိုင်မည် ဖြစ်ပါသည်။နိုင်ငံတကာ၏ အရေးကြီး IT လုံခြုံရေး area 
များတွင် CEH အောင်မြင်ထားသူများကို အရေအတွက် သိန်းနှင့်ချီ၍ ဦးစားပေး ခန့်ထားနေပါသည်။
မြန်မာနိုင်ငံတွင်လည်း CEH အောင်မြင်သူများထွက်ပေါ်လာရန် MST Computer Center ၏ရည်ရွယ်ချက်ဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင် အလွန်မြင့်မားသော သင်တန်းကြေးများအစား မြန်မာကျောင်းသူ/သား များအတွက် အထူးသက်သာအောင် သင်တန်းကြေး ၅သိန်း သတ်မှတ်ထားရှိပါသည်။
ယခု ပထမဆုံး section အတွက် အပ်နှံသူများ အား သင်တန်းကြေး ၁၅%၊ MST ကျောင်းသူ/သား များအား ၂၀%၊ မြန်မာ့ဆက်သွယ်ရေး နှင့် ရတနာပုံ ISP ၀န်ထမ်းများအား ၂၀% အစရှိသည့်ခံစားခွင့်များရရှိနိုင်မည်ဖြစ်သည်။
- လိုအပ်သော Original စာအုပ်များ
- Hacking Toolsများ၊
- Virus များ၊
- DVD များ နှင့်
- စာမေးပွဲကြေးများ မှာ စုစုပေါင်းUSD545$ ကျသင့်မည်ဖြစ်ပါသည်။ စာမေးပွဲအောင်မြင်စေရန်လည်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
IT အပါအ၀င် အခြားသော ဘာသာရပ်စာမေးပွဲသင်တန်းများနှင့် နှိုင်းယှဉ် လျှင် ပြန်လည်ရရှိနိုင်မည့် အခွင့်အလမ်း တတ်မြောက်မှုများနှင့် နှိုင်းယှဉ် လျှင် သင့်တင့်သက်သာသော ကုန်ကျစရိတ်များဖြစ်ပါသည်။
သင်တန်းသားဦးရေများကန့်သတ်ထားပါသဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံး မခံချင် သူများ အနေဖြင့် အောက်တိုဘာ ၁၀ရက်နေ့ နောက်ဆုံးထား၍ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါသည်။
စာရင်းပေးသွင်းသူများအနေဖြင့် mst.ygnedu@gmail.com သို့ mail ပို့၍ Application Form တောင်းခံနိုင်ပါသည်။ဆန္ဒရှိသူများအနေဖြင့်လည်း MST Computer Center သို့လူကိုယ်တိုင်လာရောက် ၍ ဆွေးနွေးနိုင်ပါသည်။

 

 




1 comment: